Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Tuesday, January 6, 2015

ရခိုင်သွီးရင်းမျိုးနွယ်စုဝင်များ တွေ့ဆုံဆွေးနွေးပွဲနှင့် ချစ်ကြည်ရေးထမင်းပွဲ (ရန်ကုန်)

ရခိုင်သွီးရင်းမျိုးနွယ်စုဝင်များ တွေ့ဆုံဆွေးနွေးပွဲနှင့် ချစ်ကြည်ရေးထမင်းပွဲ (ရန်ကုန်)

4.1.2015 ခုနှစ်လွတ်လပ်ရေးနေ့တွင် ရခိုင်သွီးရင်းမျိုးနွယ်စုဝင်များ တွေ့ဆုံဆွေးနွေးပွဲနှင့် ချစ်ကြည်ရေးထမင်းပွဲ (ရန်ကုန်)ကို ကျောက်တံတားမြို့နယ် ဆိပ်ကမ်းသာလမ်းအထက်ဘလောက် ( YKKO ) ကြေးအိုးဆိုင်တွင် ရခိုင်မျိုးနွယ်စုဝင်များဖြစ်သည့် ရခိုင်၊၊ခမီ၊ မြို၊ မရမာ၊ သက္ကမ(ခ)ဒိုင်းနက် စသော မျိုးနွယ်စုအသီးသီးမှ ရဟန်းသံဃာတော်များ၊ လူပုဂိုလ်များ စုစုပေါင်း လူဦးရေ (၄၀)နီးပါးလောက်  တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထိုတွေ့ဆုံဆွေးနွေးပွဲတွင် ရခိုင်မျိုးနွယ်စုဝင်များအားလုံး သဘောတူညီချက် တစ်ရပ် ရရှိခဲ့သည်၊ ထိုသဘောတူညီချက်သည် ရခိုင်မျိုးနွယ်စုများအားလုံးပါဝင်သော အသင်းအဖွဲ့တစ်ခု ဖွဲ့စည်းရန်း အသင်း၏အမည်တစ်ခု ရွေးချယ်ပေးနိုင်ခဲ့ကြသည်။ ထိုအမည်မှာ ( ရခိုင်မျိုးနွယ်စုများ ဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်) ဟူ၍ဖြစ်ပါသည်။




ရခိုင်ပြည်နယ် အမှတ်တံဆိပ်



ရခိုင်တို့၏ ရင်ဘတ်တိုင်းမှာ ရှိနေရမည့် အမှတ်တံဆိပ်
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ကမ္ဘာတစ်ဝှမ်း ပြန့်နှံ့ရောက်ရှိနေကြသော ရခိုင်အမျိုးသား၊အမျိုးသမီး များ အနေဖြင့် နိုင်ငံတကားအခမ်းအနားပွဲ  တက်ရောက်ကြရာတွင်၎င်း ၊ အခြားလူမျိုးများနှင့် တိုင်းရင်းသားတို့၏ ရိုးရာပွဲများ၊အခမ်းအနားပွဲ များသို့ တက်ရောက်ကြရာတွင်၎င်း၊၊ INGOs ၊ NGOs များမှ  ပြလုပ် သော အခမ်းအနားများ တက်ရောက်ကြရာတွင်၎င်း၊ရခိုင်လူမျိုးတိုင်း၏ ရင်ဘတ်ပေါ်တွင် ရှိနေသင့်သည့် ရခိုင်အမှတ်တံဆိပ် ။

မပြောဘဲ သိနေမည့် အမှတ်တံဆိပ်
xxxxxxxxxxxxxxxxxxxxxxxxxxxxxxx

Thursday, December 25, 2014

ရခိုင်နှင့် ရခိုင်နွယ်ဝင်များ မဖြစ်မနေ ဆောင်ထားသင့်သော အမှတ်တံဆိပ်လေးတစ်ခု



                                      
ရင်ဘတ်တိုင်းမှာ ရှိနေရမည့် အမှတ်တံဆိပ်
============================== 
   ကမ္ဘာအနှံ့ ၊  မြန်မာပြည်အနှံ့၊ ရခိုင်ပြည် အနှံ့ ပြန့်နှံ့နေထိုင်ကြသော ရခိုင် နှင့် ရခိုင်နွယ်ဝင် အမျိုးသား အမျိုးသမီများ အနေဖြင့် နိုင်ငံတော် အဆင့် ကျင်းပသောအခမ်းအနားပွဲများတက်ရောက်ကြရာတွင် ၄င်း၊  မြန်မာနိုင်ငံ တိုင်းရင်းသားတို့၏ ရိုးရာ အခမ်းအနားပွဲ များ နှင့်  နိုင်ငံရေး၊စီးပွါးရေး၊ လူမှုရေး၊ ဘာသာရေး အခမ်းအနား ပွဲတော်များသို့ တက်ရောက်ကြရာတွင်၎င်း၊ နိုင်ငံတကာ အဆင့် အခမ်းအနား ပွဲများတက်ရောက်ကြရာတွင် ၄င်း၊ INGOs ၊ NGOs များမှ ကျင်းပပြလုပ်သော အခမ်းအနားများ တက် ရောက်ကြရာတွင်၎င်း၊ မိမိတို့၏ မျိုးနွယ်ဝင်များ ရိုးရာအခမ်းအနားများနှင့် နိုင်ငံရေး၊လူမှုရေး၊ စီးပွါးရေး၊ဘာသာရေး အခမ်းအနား များ တက်ရောက်ကြရာတွင်၎င်း ဂုဏ်ယူစွာ မိမိရင်ဘတ်ပေါ်တွင် ရှိနေသင့်သည့် အမှတ်တံဆိပ်တစ်ခု။

 မပြောဘဲ သိနေမည့် အမှတ်တံဆိပ်
===================
 ရခိုင်ပြည်နယ်တံဆိပ် အဆင့်မြင့် ကြေးရင်ထိုးကို မိမိတို့၏ ရင်ဘတ်ပေါ်တွင် တပ်ဆင်၍ တက်ရောက်ခြင်းအားဖြင့် မြင်သူ အပေါင်းကို  မိမိအား ရခိုင်  ရခိုင်မျိုးနွယ်ဝင်ဖြစ်ကြောင်း မပြောဘဲ သိသွားစေမည့် အမှတ်တံဆိပ်တစ်ခု။

 တန်ဖိုးနည်းသော်လည်း ရခိုင့်ဂုဏ်ဆောင်ပစ္စည်း
==========================
တန်ဖိုးနည်းသော်လည်း ဂုဏ်မြင့်သည့် အမျိုသားရေးလက္ခဏာ ပစ္စည်းတစ်ခုဖြစ်သောကြောင့် ရတနာတန်းဝင် ရွှေ၊ငွေ၊စိန်၊ ကျောက်များနှင့် တန်းတူ တန်းဖိုးထားကာ သိမ်းထားသင့်သည့် အမှတ်တံဆိပ်တစ်ခု။ တန်ဖိုးက သုံးထောင်ကျပ်သာဖြစ်သည်။

 လက်ဆောင်ကောင်းတစ်ခုဖြစ်
================
ရခိုင်ဂုဏ်ဆောင် အဆင့်မြင့် ဤကြေးရင်ထိုးတံဆိပ်ကို ရခိုင်နှင့် ရခိုင်နွယ်ဝင်အပေါင်းတို့သည်  ဘ၀တစ်သက်တာတွင် ယောင်္ကျားဖြစ်ဖြစ်၊မိန်းမဖြစ်ဖြစ် တစ်ယောက်တစ်ခု  ဂုဏ်ယူစွာ သိမ်း ထား ဆောင်ထားသင့်သည့် အမှတ်တံဆိပ်တစ်ခု။

 အရည်အသွေး
========
ရခိုင်အမှတ်အသားအဖြစ် ပေါ်လွင်သော ဤတံဆိပ်ဝိုင်းလေးကို ကြေးပြားပေါ်တွင် အဆင့်မြင့် နည်းပညာဖြင့် ရေးထွင်းကာ  အရောင်းသွင်းပြီး သေသပ်လှပစွာ ပြုလုပ်ထားပါသည်။ ရင်ထိုးအဖြစ် အသုံးပြုရာတွင်လည်း အကျီကိုတွယ်အပ်ဖြင့် ဖေါက် စရာမလိုဘဲ  အတွင်းအပြင် သံလိုက်စနစ်ဖြင့် ကပ်ခွါပုံစံ ပြုလုပ်ထားပါသည်။ အရောင်များ မမှိန် မပျက်စေရန်လည်း အဆင့် မြင့် ကော်ရည်တစ်မျိုးကို အသုံးပြုထားပြီး အရောင်တောက်ပစေရန် ပလက်စတိတ်ကုတ်တင်တစ်မျိုးကိုလည်း အပေါ်က အုပ်၍ တင်ပေးထားသောကြောင့် ကြာလာလေ အရောင်တောက်လေ ဖြစ်ပေသည်။

ထုတ်ပိုးမှု
===== 
ထုတ်ပိုးမှု ပါကင်မှာလည်း ရတနာပစ္စည်းများထည့်သိမ်းသည့် နိုင်ငံခြားဖြစ် သေသပ်လှပသော ဘူးပါကင်များကိုသာ အသုံး ပြုထားသောကြောင့် လူမျိုးခြား ၊ဘာသာခြား မိတ်ဆွေများအား အမှတ်တရ ပစ္စည်းအဖြစ် လက်ဆောင်ပေးဖို့ကောင်းသော အမှတ်တံဆိပ်လေးတစ်ခုဖြစ်ပါသောကြောင့် ကမ္ဘာအနှံ ပြန့်နှံ လုပ်ကိုင် စီးပွားရှာနေကြသော ရခိုင်နှင့် ရခိုင်နွယ်ဝင်များ၊ ရခိုင်ပြည် အပါအ ၀င် မြန်မာပြည်အနှံ သွား ရောက်လုပ်ကိုင် စီးပွားရှာနေကြသော ရခိုင်နှင့် ရခိုင်နွယ်ဝင်များ  မှာယူလိုပါက အောက်ပါအတိုင်း ဆက်သွယ်နိုင်ပါသည်။

ဆက်သွယ်ရန်လိပ်စာ
===========
ဦးမောင်ဖြူ
အမှတ် 121 ၊ ပထမထပ်၊ 41 လမ်းအပေါ်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့
ဖုန်း 0951 22182 / 01 240324 ၊
Email;/ kophyu55@gmail.com  - Blog;/ rakhinetraditionary.blogspot.com


နှစ် (၄၀) ပြည့် ရခိုင်ပြည်နယ်နေ့ အခမ်းအနား (ရန်ကုန်) အမှတ်တရ ဓါတ်ပုံများ

ယခုနှစ် 2014 ခု ဒီဇင်ဘာ (၁၅) ရက်နေ့ တိုင်းရင်းသားကျေးရွာမှာ ကျင်းပခဲ့သည့် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ တက်ရောက်လာသော ရခိုင်မျိုးနွယ်စုဝင်များအား တွေ့မြင်ရသည်မှာ ကြက်သီးမွေးညင်းထမိသည်၊ စည်းလုံးခြင်း၏ အင်အားကို မြင်ရသည်မှာ အားရကျေနပ်စရာကောင်းလှပါသည်။




























Sunday, October 19, 2014

ရခိုင်တစ်မျိုးသားလုံအား အသိပေး ကြေငြာခြင်း

 

  ဤဘလော့သည် ရခိုင်လူမျိုးတို့၏ အမျိုးသားရေးလက္ခဏာများ၊ ရခိုင် အမျိုးသားရေး ပုံရိပ်များကို ပီပြင်အောင် ဖေါ်ဆောင်သွားမည့် ဘလော့တစ်ခုဖြစ်ပါကြောင်း ဦးစွာ အသိပေးလိုပါသည်။ အမျိုးသားရေးကို ခုတုံးလုပ်ပြီး စီးပွါးရှာနေသူဟုလည်း မမြင်စေလိုပါ၊ အကျိုးအမြတ်ထက် အမျိုးအမြတ်ကိုသာ ရည်ရွယ်ပါသည်၊ 

ရခိုင်လူမျိုးတစ်ယောက်ကို ဘယ်ချဂေါင်းပေါင်း ပေါင်းပြပါဟု ပြောလိုက်ရင် 80%လောက်သော ရခိုင်လူမျိုးများက ငါမပေါင်းတတ်ဆိုသော စကားလုံးသည် သူတို့ပါးစပ်က အလိုလိုထွက်လာကြသည်၊ ထိုကြောင့် ရခိုင်တစ်မျိုးသားလုံးတို့၏ လိုအပ်ချက် ကွက်လပ်တစ်ခုဖြစ်နေသော နေရာကို ဖြည့်စွက်ပေးရန် ဟူသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ကို တည်ထောင်ရခြင်း အကြောင်းရင်းဖြစ်ပေသည်။

သို့ဖြစ်ပါသောကြောင့် ရခိုင်အမျိုးသားရေ လက္ခဏာများ ပီပြင်အောင် ပေါ်ထွန်းလာစေရန် အဆင်သင့် (READY MADE) အသင့်ပြင်ဆင်ထားသော ဂေါင်းပေါင်းများကို အမျိုးသားရေး လက္ခဏာတစ်ခု ပီပီပြင်ပြင် ပေါ်လွင်လာစေရန် ရည်ရွယ်ပြီး 2015 ရခိုင်ရိုးရာ သင်္ကြန်ပွဲမတိုင်မီ ပြုလုပ်တင်ပြ ရောင်းချသွားမည်ဖြစ်ပါကြောင်း ရခိုင်တစ်မျိုးသားလုံးအား အသိပေး ကြေငြာအပ်ပါသည်း။