ရခိုင်ရိုးရာ နံ့သာသွီးပွဲ
Showing posts with label ရိုးရာဓလေ့. Show all posts
Showing posts with label ရိုးရာဓလေ့. Show all posts
Saturday, October 18, 2014
Monday, October 13, 2014
ရခိုင်ရိုးရာ ကျေးလက်ဓလေ့တစ်ခု ဒိုးကစားခြင်း
ရခိုင်ရိုးရာ ဒိုးကစားခြင်းကို ရခိုင်အမျိုးသမီးငယ်များ၊ အပျိုအရွယ်များက
အထူးနှစ်သက်ကြသည်။ လသာသောညများတွင်လည်းကောင်း၊ နေ့လည်နေ့ခင်း
အားလပ်ချိန်များတွင်လည်းကောင်း အုပ်စုဖွဲ့ကာ တစ်ဘက်နှင့်တစ်ဘက်
ယှဉ်ပြိုင်ကစားကြသည်။ အသက်အရွယ်ကြီးပြီး အတွေ့အကြုံရှိသည့် အမျိုးသမီးကို
အုပ်စုခေါင်းဆောင် (ဂေါင်လူကြီး) အဖြစ် ထားကြသည်။ ကျန်းမာရေးအတွက်သာမက အချင်းချင်း
စည်းလုံး ညီညွတ်ရေးကိုလည်း ဖြစ်ပေါ်စေသည်။ ဒိုးကစားခြင်းကို ပထမဆုံး
"ညှို့မေ"ဖြင့် စ,ရသည်။
ညှို့မေ။ ။ မိမိ၏ပစ်ဒိုးကို လက်ဖြင့်လှိမ့်၍ လွှတ်ပြီး သတ်မှတ်သော စည်းကို မကျော်မီ မိမိပစ်၍ ထိနိုင် မည့် နေရာတွင် ဖမ်း၍ ထောင်ဒိုးအား ထိအောင်ပစ်ရသည်။
ဖူးမှုတ်တောက်တဲ့။ ။ ဒိုးကိုပါးစပ်ထဲက "ဖူး"ဟု မှုတ်ပြီး လွှတ်လိုက်၍ ကျသည့်နေရမှ လုံးဝမရွေ့စေ ဘဲ ထောင်ဒိုးကိုထိအောင် ပစ်ရသည်။
ဆင်ခြေလှမ်း။ ။ ဆင်ခြေလှမ်းတာမှနေ၍ ညာဘက်ခြေဖမိုးပေါ်တွင် ဒိုးကိုတင်ပြီး ဘယ်ဘက်ခြေဖြင့် တစ်လှမ်းလှမ်းကာ ညာခြေထောက်လွှဲ၍ ပစ်ရသည်။
Subscribe to:
Posts (Atom)
