Tuesday, January 6, 2015

ရခိုင်သွီးရင်းမျိုးနွယ်စုဝင်များ တွေ့ဆုံဆွေးနွေးပွဲနှင့် ချစ်ကြည်ရေးထမင်းပွဲ (ရန်ကုန်)

ရခိုင်သွီးရင်းမျိုးနွယ်စုဝင်များ တွေ့ဆုံဆွေးနွေးပွဲနှင့် ချစ်ကြည်ရေးထမင်းပွဲ (ရန်ကုန်)

4.1.2015 ခုနှစ်လွတ်လပ်ရေးနေ့တွင် ရခိုင်သွီးရင်းမျိုးနွယ်စုဝင်များ တွေ့ဆုံဆွေးနွေးပွဲနှင့် ချစ်ကြည်ရေးထမင်းပွဲ (ရန်ကုန်)ကို ကျောက်တံတားမြို့နယ် ဆိပ်ကမ်းသာလမ်းအထက်ဘလောက် ( YKKO ) ကြေးအိုးဆိုင်တွင် ရခိုင်မျိုးနွယ်စုဝင်များဖြစ်သည့် ရခိုင်၊၊ခမီ၊ မြို၊ မရမာ၊ သက္ကမ(ခ)ဒိုင်းနက် စသော မျိုးနွယ်စုအသီးသီးမှ ရဟန်းသံဃာတော်များ၊ လူပုဂိုလ်များ စုစုပေါင်း လူဦးရေ (၄၀)နီးပါးလောက်  တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထိုတွေ့ဆုံဆွေးနွေးပွဲတွင် ရခိုင်မျိုးနွယ်စုဝင်များအားလုံး သဘောတူညီချက် တစ်ရပ် ရရှိခဲ့သည်၊ ထိုသဘောတူညီချက်သည် ရခိုင်မျိုးနွယ်စုများအားလုံးပါဝင်သော အသင်းအဖွဲ့တစ်ခု ဖွဲ့စည်းရန်း အသင်း၏အမည်တစ်ခု ရွေးချယ်ပေးနိုင်ခဲ့ကြသည်။ ထိုအမည်မှာ ( ရခိုင်မျိုးနွယ်စုများ ဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်) ဟူ၍ဖြစ်ပါသည်။






 


No comments:

Post a Comment