Sunday, October 19, 2014

ရခိုင်တစ်မျိုးသားလုံအား အသိပေး ကြေငြာခြင်း

 

  ဤဘလော့သည် ရခိုင်လူမျိုးတို့၏ အမျိုးသားရေးလက္ခဏာများ၊ ရခိုင် အမျိုးသားရေး ပုံရိပ်များကို ပီပြင်အောင် ဖေါ်ဆောင်သွားမည့် ဘလော့တစ်ခုဖြစ်ပါကြောင်း ဦးစွာ အသိပေးလိုပါသည်။ အမျိုးသားရေးကို ခုတုံးလုပ်ပြီး စီးပွါးရှာနေသူဟုလည်း မမြင်စေလိုပါ၊ အကျိုးအမြတ်ထက် အမျိုးအမြတ်ကိုသာ ရည်ရွယ်ပါသည်၊ 

ရခိုင်လူမျိုးတစ်ယောက်ကို ဘယ်ချဂေါင်းပေါင်း ပေါင်းပြပါဟု ပြောလိုက်ရင် 80%လောက်သော ရခိုင်လူမျိုးများက ငါမပေါင်းတတ်ဆိုသော စကားလုံးသည် သူတို့ပါးစပ်က အလိုလိုထွက်လာကြသည်၊ ထိုကြောင့် ရခိုင်တစ်မျိုးသားလုံးတို့၏ လိုအပ်ချက် ကွက်လပ်တစ်ခုဖြစ်နေသော နေရာကို ဖြည့်စွက်ပေးရန် ဟူသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ကို တည်ထောင်ရခြင်း အကြောင်းရင်းဖြစ်ပေသည်။

သို့ဖြစ်ပါသောကြောင့် ရခိုင်အမျိုးသားရေ လက္ခဏာများ ပီပြင်အောင် ပေါ်ထွန်းလာစေရန် အဆင်သင့် (READY MADE) အသင့်ပြင်ဆင်ထားသော ဂေါင်းပေါင်းများကို အမျိုးသားရေး လက္ခဏာတစ်ခု ပီပီပြင်ပြင် ပေါ်လွင်လာစေရန် ရည်ရွယ်ပြီး 2015 ရခိုင်ရိုးရာ သင်္ကြန်ပွဲမတိုင်မီ ပြုလုပ်တင်ပြ ရောင်းချသွားမည်ဖြစ်ပါကြောင်း ရခိုင်တစ်မျိုးသားလုံးအား အသိပေး ကြေငြာအပ်ပါသည်း။




ရခိုင်ရိုးရာနှင့်ဆိုင်သော ပစ္စည်းများ ရောင်းဝယ်ရေး အတွက် လွင့်တင်သွားမည့် ဤဘလော့အား နောက်တစ်လလောက်မှ စတင် လုပ်ငန်းစတင်မည်ဖြစ်ပါသည်။
ယခုအခါ ရခိုင်ရိုးရာ သမိုင်းနှင့်ဆိုင်သော ပစ္စည်းများ စုဆောင်းနေပါသည်။ ရခိုင်သမိုင်းရှားပါးစာအုပ်များကိုလည်း ရောင်းချသွားဖို့ အစီအစဉ်ရှိပါသည်၊ 

လောလောဆယ် ဘလော့အား လိုအပ်မည် အသုံးတည့်မည်ထင်သည့် အရာများကိုထည့်သွင်းနေပါသော ကာလဖြစ်ပါသောကြောင့် အားလုံးအလုပ် လုပ်မည်မဟုတ်ပါကြောင်း သိစေအပ်ပါသည်။
ဤဘလော့တွင် ရခိုင်နှင့်ပက်သက်သော ရိုးရာပစ္စည်းများကိုရောင်းချသွားပါမည်။

1 ၊ ရခိုင်ရိုးရာဂေါင်းပေါင်း (ရစ်ပေါင်း) လူလတ် ၊လူငယ်၊ ကလေး သုံး (ရယ်ဒီမိတ် )
2။ ရခိုင်ရိုးရာ ဂေါင်းပေါင်း (အုပ်ပေါင်း) လူလတ် လူကြီး သုံး  (ရယ်ဒီမိတ်)
3။ လူကြီးသုံး ရခိုင်ကြက်သရေဂေါင်းပေါင်း (ရယ်ဒီမိတ်)
4။ ရခိုင်တိုက်ပုံအကျီ (လူကြီး ၊လူလတ် ၊လူငယ် (ရယ်ဒီမိတ်)
5။ ရခိုင်လုံချည် (လူကြီး ၊ ကလေး ) (ရယ်ဒီမိတ် )
6။ ရခိုင်ရိုးရာ အချိပ်ထမီ ( မိန်းမကြီး ၊မိန်းကလေး )
7။ ရခိုင်ရိုးရာ မိန်းမ၀တ် ပေါင်စွန် ( ရယ်ဒီမိတ်)
8။ ရခိုင်သမိုင်းရှားပါးစာအုပ် များ (မိတ္တူ ) တို့ကို ရောင်းချသွားပါမည်။

ပုံ
ရခိုင်ရိုးရာပစ္စည်းအရောင်းဆိုင်
ဆက်သွယ်ရန်
အမှတ် (121) ပထမထပ်၊ (41)လမ်းအပေါ်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်
ဖုန်း 0951 22182 ။ 01 240324 
Email;/ rakhinetraditionary@gmail.com

No comments:

Post a Comment