ရခိုင်သင်္ဘောသားများ လူမှုရေးအသင်း(ရန်ကုန်)
(ARAKAN SEAFARERS' SOCIAL ASSOCIATION)
( အသင်းအဖွဲ့ ခွင့်ပြုအမှတ် ၂၀၈၂/၁၃ )
အသင်း၏ ရည်ရွယ်ချက်
(၁) ရခိုင်သဘောင်္သားအချင်းချင်း ချစ်ခင်စွာလက်တွဲ၍ အပြန်အလှန် ရိုင်းပင်းကူညီများ တိုးပွားလာစေရန်။
(၂) ရခိုင်မျိုးဆက်သစ် သဘောင်္သားများ၊ သဘောင်္သားကောင်းများဖြစ်ပေါ်လာစေရန်
အခွင့်အလမ်းရှာဖွေခြင်း၊ဖန်တီးခြင်း၊ လမ်းညွှန်ခြင်း၊ကူညီခြင်းများ ပြုလုပ်ပေးရန်။
(၃) ရခိုင်ပြည်နယ်အတွင်း နွမ်းပါးသော ရခိုင်မျိုးဆက်သစ်လူငယ်များအား ပညာသင်ကြားနိုင်ရေး ကူညီထောက်ပံ့ပေးရန်။
အသင်းပေါ်ပေါက်လာပုံ
သင်္ဘောနားပြီးသူတချို့ နှင့် တာဝန်ထမ်းဆောင်ဆဲ သဘောင်္သားများ စုပေါင်းလက်တွဲကာ ဤအသင်း Rakhine Seafarers sosiety (RSS) ကို 9.1.2010 ခုနှစ် တွင် စတင်ဖွဲ့စည်းခဲ့ကြပါသည်။ ယင်းမှ Arakan Seafarers Social Association (ASSA) သို့ ပြောင်းလဲခေါ်တွင်ခဲ့ကြသည်။
နှစ်စဉ် မူလတန်းပညာသင်ရန် အခက်အခဲရှိသူ ကျောင်းသား သူများအတွက် (၉)သိန်းကျပ်တိတိကို ရခိုင်သဟာယအသင်းမှတဆင့် လှူ ဒါန်းခဲ့ပါသည်။ သဘောင်္သားလူသစ်များ အသိဥာဏ်တိုးပွားစေရန်အတွက် အလုပ်ရုံဆွေးနွေးပွဲကို ရခိုင်ပြည်နယ် ဓမ္မာရုံတွင် (၂)ကြိမ်တိုင်တိုင် ကျင်းပပေးခဲ့ပါသည်။ အလုပ်အကိုင်ရရှိရေးအတွက်လည်း ကူညီပေးခဲ့ပါသည်။
21.12.2013 ခုနှစ်တွင် အလုပ်အမှုဆောင်အဖွဲ့ကို အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။ ယနေ့အချိန်တွင် မှတ်ပုံတင်အမှတ် ၂၀၈၂/၁၃ ဖြင့် တရားဝင်ရပ်တည်ဆောင်ရွက်နေသော လူမှုအကျိုးပြု အသင်းတစ်သင်းဖြစ်ပါသည်။
အသင်းဝင်အရည်အချင်း
ရခိုင်နွယ်ဖွားဖြစ်လျှင်
1။ သက်ဆိုင်ရာရေကြောင်းဦးစီးဌာနမှ ထုတ်ပေးထားသော သင်္ဘောသားသက်သေခံလက်မှတ်ကိုင်ဆောင်သူ၊
2။ အသင်းအားတစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးနေသူ။
3။သဘောင်္ပေါ်တွင် တာဝန်ထမ်းဆောင်နေသူ။
4။ သဘောင်္တက်ရန်စောင့်ဆိုင်းနေသူတို့ ဖြစ်ပါသည်။
အသင်းဝင်ကြေး (10000) တစ်သောင်းကျပ်
လစဉ်ကြေး (2000) နှစ်ထောင်ကျပ်
အသင်းဝင်များ၏ရပိုင်ခွင့်
(၁) အသင်းမှသဘောတူညီသည့်ချမှတ်ထားသောစည်းမျဉ်းစည်းကမ်းနှင့်အညီ အသင်းဝင်၏ သာရေး၊နာရေး၊လူမူရး၊စီးပွားရေး ပညာရေး၊ကျန်းမာရေး၊သက်ကြီးထောက်ပံ ကိစ္စရပ်များတွင် ခံစား ခွင့်ရနိုင်သည်။
(၂) အသင်းစည်းမျဉ်းနှင့်ပြည့်စုံသောသူသည် အလုပ်အမူဆောင်အဖွဲ့တွင် ပါဝင်ရွေးချယ်ခံခွင့်ရှိသည်။
(၃) အသင်းမှပြုလုပ်သော အလုပ်အကိုင် အထောက်အကူပြု သင်တန်းဆွေးနွေးပွဲများတွင် တက်ရောက်ခွင့် ရှိသည်။
(၄) အလုပ်ခွင်တွင် တွေ့ကြုံရသော အခက်အခဲများကို ဆွေးနွေးတင်ပြအကြံဥာဏ်တောင်းခံနိုင်သည်။
ဆက်သွယ်ရန်ဖုန်းနံပါတ်များ
ဦးထွန်းဝင်း 095193082
ဦးစိန်ထွန်းလှ 0973112473
ဦးစန်းမောင် 0943123891
ဦးသန်းထိုက်ဖြိုး 09421005969
ဦးမျိုးကျော်ဦး 095122408